ညွန့်ပေါင်းသတင်းလွှာ။ ပုလဲသွယ် နိုင်ငံရေးစာမျက်နှာ။ တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ယမုန်နာ ဆေးခန်း။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ၁၉၉၀ ရွေးကောက်ပွဲ။

Monday, March 2, 2009

ကျနော့်ရွေးကောက်ပွဲအတွေ့အကြုံ - ပူလျှန်

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်မှ ကောက်နုတ်စာ။
ရွေးကောက်ပွဲအတွေ့အကြုံကို ပြောရမယ်ဆိုရင်- နည်းနည်းတော့ ရှည်မှာပေါ့နော်။ ရွေး ကောက်ပွဲကာလကလည်း မကုန်သေးဘူးမဟုတ်လား။ ဒိပြင် ရွေးကောက်ပွဲဖြစ်ပေါ်လာပုံလေးပါ ထည့် ပြောမှပြည့်စုံမှာကိုး။ သိပ်ရှည်သွားမှာစိုးရင်လည်း ထူးခြားတာလောက်ပဲပြောရင် ဖြစ်တယ်မဟုတ်လား။

ဖြစ်ပုံကဒီလိုပါ- တပါတီအာဏာရှင်စနစ်နဲ့ အနှစ်နှစ်ဆယ့်ခြောက်နှစ်လုံးလုံး၊ အုပ်ချုပ်လာ ပြီးတဲ့နောက် တနေ့အရေးပေါ်အစည်းအဝေးကြီးတစ်ခုမှာ အုပ်ချုပ်သူခေါင်းဆောင်ကြီးက “မင်းတို့ က ငါ့ညာတယ်၊ ဒီတိုင်းဆက်သွားလို့တော့မဖြစ်ဘူး” “ပါတီစုံစနစ်ကြိုက်လား၊ တပါတီစနစ်ပဲ ကြိုက်လား ပြည်သူ့ဆန္ဒခံယူပွဲလုပ်ရမယ်။” လို့ပြောကြားခဲ့တယ်။ ဒီလိုပြောကြားချက်ကို ညနေ (၈) နာရီ မြန်မာ့ ရုပ်မြင်သံကြားကတဆင့် တပြည်လုံးကိုလွှင့်ခဲ့တယ်။ ကြားရသူတိုင်း မနေနိုင် မထိုင်နိုင် လောက်အောင် ဝမ်းသာအားရပျော်ရွှင်ကြတယ်။ အိမ်အောက်ဆင်းပြီး လမ်းပေါ်စုပြုံနေကြတယ်။ တယောက်ကို တ ယောက် “ကြားတယ်မဟုတ်လားလို့”မေးနေကြသည်။ အကြောင်းကတော့တခြား မဟုတ်ပါဘူး၊ ဆန္ဒ ခံယူပွဲလုပ်ရင် ပါတီစုံနိုင်မှာ သေချာတယ်။ ပါတီစုံကလည်း ဒီမိုကရေစီရှိမှ ဖြစ်တယ်ဆိုတော့ ဒီမိုက ရေစီရမှာ သေချာလို့ပါပဲ။ နောက်မကြာတဲ့ တနေ့မှာပဲ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ဖို့အတွက် ကော်မရှင် တခု ဖွဲ့စည်းကြေညာခဲ့သည်။ ဒါပေမယ့် ဒီလိုအကြေညာတဲ့အချိန်မှာ တိုင်းပြည်အခြေအနေက မဟန် တော့ဘူး။ နေရာတိုင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီ။ အခြေအနေက တနေ့တခြား ပို၍ပို၍ဆိုရွားလာ တယ်။ အကြောင်းက တခြားမဟုတ်ပါဘူး “ဆန္ဒခံယူပွဲလုပ်ဖို့လိုသေးလို့လား” ရှင်းပြီးသားပဲ။ တပါတီ အာဏာရှင်စနစ်ကို ပြည်သူတို့အော့နှလုံးနာနေတာ ကြာလှပြီ။ ပြည်သူလိုချင်တာ ပါတီစုံဒီမိုကရေစီ ဆိုတဲ့ သဘောပါပဲ။ ပြည်သူ့သဘောထားနားလည်တဲ့ နိုင်ငံတော်သမတကြီးက ရွေးကောက်ပွဲ လုပ် ပေးမယ်လို့ ကြေညာတယ်။ ရွေးကောက်ပွဲဘယ်နေ့ကျင်းပမယ်ဆိုတာ မသတ်မှတ်မှီ နဝတကြီး ပေါ် ပေါက်လာတယ်။ နဝတကလည်း ရွေးကောက်ပွဲကျင်းပပေးဖို့ မပယ်ဖျက်တော့ပဲ (၁၉၉ဝ)ပြည့်နှစ် မေလ (၂၇)ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာခဲ့တယ်။ ဆိုလိုတာက ဒီရွေးကောက်ပွဲဟာ သမရိုးကျ ရွေးကောက်ပွဲမျိုး မဟုတ်ဘူး။ ခဲရာခဲဆစ် ဖြစ်မြောက်လာတဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ဒီမိုကရေစီ ဘက် တော်သား ထောင်ချီစတေးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ဒါ့ကြောင့် ဒီရွေးကောက် ပွဲနေ့ (၁၉၉ဝ)ပြည့်လ မေလ(၂၇)ရက်နေ့ဟာ အင်မတန်မှထူးခြားလှတဲ့နေ့၊ အင်မတန်မှထူးခြားတဲ့ အ တွေ့အကြုံတခု ဖြစ်တယ်လို့ ပြောကြားလိုပါတယ်။
ဒုတိယထူးခြားတဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတခုကတော့ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအတွက် မြန်မာ့ရုပ်မြင်သံကြားနဲ့မြန်မာ့အသံတို့မှတဆင့်စည်းရုံးဟောပြောမဲဆွယ်ခွင့် ရခြင်းပင်ဖြစ်တယ်။ မြန်မာနိုင်ငံရေးသမိုင်းကို ကြည့်ရှုတဲ့အခါ ဘယ်အကြိမ်ဘယ်အခါမှာမှ ဒီလို ဟောပြော မဲဆွယ်ခွင့် မရှိခဲ့ဘူးပါ။ ဒီတခါ ပထမအကြိမ်ပါပဲ။ ရွေးကောက်ပွဲရက် မရောက်ခင် (၄)လ အချိန်ပေးရင် ယင်းကာလက ကိုယ်ဟောချင်တိုင်းဟောလို့မရဘူး။ စိစစ်ခြင်းခံရတယ်။ အကြီးအကျယ် ပဲ။ ဒီအတိုင်းဆိုရင် ဘာထူးလဲ မပြောတော့ဘူးပြောတော့မှ ချော့မော့ပြီး အနည်းအကျဉ်း စီစစ်ကာ ပြောခွင့်ပြုထား ခြင်းဖြစ်တယ်။ ရုပ်မြင်သံကြားရုံနဲ့ မြန်မာ့အသံလွှင့်ရုံထဲအထိ လူတယောက် လိုက်ခွင့် ရလို့ ကျနော်က ဇိုမီးအမျိုးသားကွန်ဂရက်တည်ထောင်သူ ဥက္ကဋ္ဌ (င်္သကညိနမ – ၥမန်ငိနညအ) အား ခေါ်ပါ တယ်။ သူနဲ့ကျနော် ဝင်သွားပါတယ်။ အထဲမှာတော့ ဗိုလ်မှူးတယောက်နဲ့ စက်ဆရာတယောက်ပဲရှိ တယ်။ အဲဒီတော့ ကျနော်ပြောတာပေါ့- ခင်ဗျားတို့လည်း ကြားကြမှာပဲ။ ဒီမိုကရေစီဆိုတာ ပြည်သူ့ အင်အား၊ ပြည်သူ့ထံမှ ပြည်သူသို့၊ (ွသလနမာနညအ သ် အ့န စနသစူန ဘပ အ့န စနသစူန်သမ အ့န စနသစူန) နဲ့ စီးပွားရေးမူအတွက် ဈေးကွက်စီးပွားရေးစနစ် (င်္မနန္နမေုနအ နခသာသညပ) ဆိုပြီး ကျနော်ပြောတယ်။ အားမရလို့ စီစစ်တုန်းက ရေးခွင့်မရတဲ့အချက်တွေထည့်ပြောတော့ ကြီးကြပ်သူ ဗိုလ်မှူးနဲ့စကားများပြီး နာရီဝက်ခန့်အချိန်ကုန်တာလည်း ကျနော်တို့အတွက် ထူးခြားတဲ့ အတွေ့အကြုံပါပဲ။
နောက်ထူးခြားတဲ့ အံ့သြစရာတခုတွေ့တာကတော့ အခြားမဟုတ်ပါဘူ။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရမယ့်ပါတီ (၉၃)ပါတီစလုံး ယှဉ်ပြိုင်ရမှာဆိုတဲ့ အချက်ပါပဲ။ ဖြစ်ပါ့မလားလို့ ကျနော့်ကို ကျနော် မေးတယ်။ ဟ- ဒီကိစ္စက နိုင်ငံရေးပဲ။ ဖြစ်တာပေါ့လို့ ကျနော့်ကို ကျနော် ပြန်ဖြေလိုက်တယ်။ (၉၃) ပါတီမကဘူး အစကမှတ်ပုံတင်ထားတဲ့ (၂၃၅)ပါတီစလုံးဝင်ပြိုင်တောင် ရတာပဲ။ နိုင်ငံရေးဆိုတာ လူ တိုင်းနဲ့သက်ဆိုင်တယ်။ လူမှန်ရင် နိုင်ငံရေးနဲ့ မကင်းလွတ်ဘူး။ လူသည် နိုင်ငံရေးသတ္တဝါဖြစ်သည်။ (ၷေည င် ေ စသူငအငခေူ ညေငာေူ၏)လို့ ခေါမနိုင်ပညာရှင် ဗမငျအအေသူန ကပြောတယ်။ နောက်္စူအေသ ကလည်း ပြောတယ်။ နိုင်ငံရေးက လူတိုင်းထိခိုက်တယ်။ လူစားတဲ့ အစားအစာထဲမှာ နိုင်ငံရေးပါတယ်။ လူသောက်တဲ့ရေထဲမှာ နိုင်ငံရေးပါတယ်။ လူဝတ်တဲ့အဝတ်၊ လူနေတဲ့အဆောက်အအုံ၊ လူသုံးစွဲနေတဲ့ အရာဟူသမျှဟာ နိုင်ငံရေးနဲ့ မလွတ်ကင်းနိုင်ဘူး။ ဒါ့ကြောင့် နိုင်ငံရေးက လူတိုင်းကို ထိခိုက်တယ်။ အဲဒီတော့ လူတိုင်းထိခိုက်ပြီး လူတိုင်းနဲ့ပတ်သက်နေတဲ့ နိုင်ငံရေးကို လူတမျိုးတည်း၊ လူတန်းစား တရပ်တည်း၊ လူတချို့တည်းက ချူပ်ကိုင် ဆုံးဖြတ်လို့မဖြစ်ဘူး။ “လူတိုင်း ဆုံးဖြတ်ရမယ်”(္တ့အေ အသကခ့နျေူာကျအ ဘနိနခငိနိ ဘပေူ၏)။ တဖန် ဗမငျအအေသူန နဲ့္စူအေသ တို့ရဲ့ ဆရှာသခမအေနျ ကလည်း ပြောတယ်။ နိုင်ငံရေးဆိုတာလူတိုင်းနဲ့ပတ်သက်ပြီး၊ လူတိုင်းပါဝင်ဆုံးဖြတ်ရမယ့် အရာဖြစ်လို့ မှန်ကန် စွာဆုံးဖြတ်နိုင်ဖို့ လူတိုင်း ပညာတတ်ရမယ်။ ပညာမတတ်ပဲနဲ့ခေါင်းဆောင်လုပ်လို့ သူ့အတွက်လည်း မကောင်းဘူး။ တိုင်းပြည်အတွက်လည်းပို၍ မကောင်းဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို နားလည်ပါ။ (ုညသတ ဤ့ပျနူ်) ဆိုတဲ့မူတခု ကြွေးကြော်ခဲ့တယ်။ အဲဒီလှိုသခမအေနျ ကတော့ အဆိတ်ရေ သောက်တဲ့ အချိန်အထိ ဘေးမှာ ရပ်လျက်ရှိနေတဲ့ မိတ်ဆွေသင်္ဂဟတွေကို ၄င်းရဲ့မူုညသတ ဤ့ပျနူ် ကို အပြုံး မပျက် ဆက်လက်ဟောပြောပြီး အဆိပ်ရေသောက်တယ်ဆိုပါတယ်။ နောက်မှ သူ့ရဲ့မှန်ကန်မှု၊ သူ့ရဲ့ ပညာအရည်အသွေး သိလာတဲ့အခါ၊ ပြည်သူများက နောင်တကြီးစွာရပြီး ခေါမနိုင်ငံ ဗအ့နညျ မြို့မှာခသမအေနျ ကျောက်တိုင်တခုစိုက်ထူခဲ့ကြတယ်။ ယင်းကျောက်တိုင်ယနေ့အထိရှိနေသေးတယ်။ ဆိုလို တာက ခေါမပြည်သူများ နောင်တရပြီှးခသမအေနျ ကျောက်တိုင်ကို စိုက်ထူခြင်းရဲ့အဓိပ္ပါယ်က ၄င်းရဲ့ နိုင်ငံရေးအတွေးအခေါ်ကို လက်ခံပြီး၊ ခေါမနိုင်ငံရေးအတွေးအခေါ်ဖြစ်သွားပြီလို့ သက်သေထင်ရှား ပြသလိုက်ခြင်းပင်ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ဟာ ယနေ့ ကမ္ဘာကလက်ခံပြီး နိုင်ငံရေးအခြေခံမူ ဖြစ် လာတယ်။
ဗဘမေ့ော ဴငညခသူည ကဲ့သို့သော အချို့နိုင်ငံရေး ခေါင်းဆောင်များက ဒီအတွေးအခေါ်ကို အ စောကြီးထဲက လက်ခံတယ်။ ပြည်သူများကိုယ်တိုင်ပါဝင်ပြီး၊ ပြည်သူများနဲ့ဖွဲ့စည်းပြီး၊ ပြည်သူ့အတွက် ပြုလုပ်ဆောင်ရွက်ခြင်း၊ (ွသလနမာနညအ သ် အ့န စနသစူန ဘပ အ့န စနသစူန်သမ အ့န စနသစူန)။ ဒါကြောင့် လူ တိုင်း ပါဝင်ဆုံးဖြတ်ရမယ်။ လူတိုင်းကြိုက်မှ တိုင်းပြည်အကြိုက်ဖြစ်ရမယ်။ လူတိုင်းလက်ခံမှ တိုင်းပြည်က လက္ခံခြင်းဖြစ်ရမယ်။ ကိုယ့်ကိုကိုယ် တိုင်းပြည်ကယ်တင်ရှင်အဖြစ် ကြွေးကြော် ဟစ်အော်ထားပေမယ့် လည်း ပြည်သူကလက်မခံရင် ကိုယ်ဟာ တိုင်းပြည်ကယ်တင်ရှင်မဖြစ်နိုင်ဘူး။ ကိုယ့်ကိုကိုယ် လိမ်တာပဲ ရှိမယ်။ တိုင်းပြည်ကယ်တင်ရှင်လား၊ တိုင်းပြည်ဖျက်ဆီးသူလားဆိုတာ ပြည်သူကသာ ဆုံးဖြတ်ရမယ်။ ဒါကြောင့် (၉၃)ပါတီစလုံး ယှဉ်ပြိုင်မယ်ဆိုတာ အထူးအဆန်းမဟုတ်ပါဘူး။ အဲဒီ (၉၃)ပါတီထဲမှ ပြည် သူက ကြိုက်တာရွေးထုတ်ရမှာပေါ့။ ပြည်သူကပဲ အဆုံးအဖြတ်ပေးရမှာပေါ့။ အဲဒါ အတည်မဟုတ်သေး ဘူး။ ပြည်သူများကို ပြသလိုက်ခြင်းသာဖြစ်သေးတာပဲ။ ရွေးကောက်ပွဲဆိုတာ တမျိုးပြောမယ်ဆိုရင် ပြည်သူ့အဆုံးအဖြတ်ခံယူခြင်း၊ ပြည်သူ့သဘောထားခံယူခြင်းဖြစ်တယ်။ ကိုယ့်အလိုတော်ကျ စီကာ ပတ်ကုံး ပြည်သူကို အတင်းအဓမ္မခေါ်ယူကာ ပြည်သူ့သဘောထားလို့ ပြသခြင်းမျိုးက ပြည်သူ့သဘော ထား အမှန်မဖြစ်နိုင်ဘူး။ ပြည်သူ့သဘောထားအမှန်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မှာ သိနိုင်၊ ဖော်ထုတ်နိုင်မှာဖြစ်တယ်။ အဲဒီတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ (၉၃) ပါတီမက၊ အစက မှတ်ပုံတင်တုန်းက (၂၃၅)ပါတီစလုံးတောင် ပြိုင်ခွင့် ရှိတာပဲ။ တခုတော့ရှိတယ်။ ယင်း (၉၃)ပါတီစလုံးပြိုင်မယ်ဆိုတော့ ၄င်း(၉၃)ကလူပုဂ္ဂိုလ်မဟုတ်ပါဘူး။ ပါတီဖြစ်နေတယ်။ ပါတီဆိုတာ လည်း ဘာထူးလို့လဲ၊ အတူတူပေါ့။ ပါတီတာဝန်က ဘာနဲ့အလားသဏ္ဍာန်တူလဲဆိုတော့ စိုက်ပျိုးရေး ဥယျာဉ်နဲ့တူတယ်။ ဒီဥယျာဉ်ထဲမှာ ပျိုးခင်းလည်းရှိတယ်။ အသီးသီးပြီးသား အပင်တွေလည်းရှိတယ်။ နောင်လာနောက်သားများကိုရည်စူးပြီး ပျိုးထောင်ထားတဲ့အပင်တွေလည်းရှိတယ်။ အဲဒီလို ဥယျာဉ်ထဲ၊ ခြံထဲမှာ အမျိုးစုံရှိသလို ပါတီထဲမှာလည်း အမျိုးစုံရှိတယ်။ ပါတီထဲရှိ လူမျိုးစုံတိုကို ပါတီက ပျိုးထောင် ပေးရတယ်။ သင်တန်းပေးရတယ်။ နိုင်ငံရေးအတွေးအခေါ်တွေကို ရှင်းလင်းတင်ပြရတယ်။ နိုင်ငံရေး ပါတီများများရှိရင် ပြည်သူတွေ နိုင်ငံရေးပညာများများရမှာပေါ့။ ဒါကြောင့် အာဏာရှင်တွေက နိုင်ငံ ရေးပါတီတွေများများရှိတာ မကြိုက်ဘူး။ လူတိုင်း နိုင်ငံရေးသိသွားမှာ စိုးတယ်။ နိုင်ငံရေးပါတီများများ ရှိပြီး ပေါ်လစီဝါဒအမျိုးမျိုးတွေကို အပြိုင်အဆိုင် ပြည်သူ့ထံသို့တင်ပြပါမှ ပြည်သူက အမှန်ကဒါ၊ အမှား က ဟိုဟာ၊ ကောင်းတာကဒါ၊ ဆိုးတာက ဟိုဟာဆိုပြီး ခွဲခြားနိုင်မှာပေါ့။ ဥပမာတခုပြောရမယ်ဆိုရင် ယခုကမ္ဘာ့ရေစီးကြောင်းက ဒီမိုကရေစီဘက်မှာဖြစ်တော့ နေရာတကာမှာ ဒီမိုကရေစီ ခေတ်စားနေ တယ်။ အာဏာရှင်တွေကလည်း ဒီမိုကရေစီ ပဲအော်ကြတယ်။
တကယ်တေွာ့ကငိနီနသခမခေပယီငမနခအနီနာသခမခေပယီငျခငစူငညနီနာသခမခေပ တို့ဟာ နိုင်ငံရေးဒီမိုကရေစီအခြေခံအရ၊ ဒီမိုကရေစီလား၊ အာဏာရှင်စနစ်လားဆိုရင်- ဒီမိုကရေစီ လုံးဝ မဟုတ်ဘူး။ အာဏာရွင္မွ ရိုးရိုးအာဏာရွင္မဟုတ္ဘူး၊ အာဏာရွင္ဖက္ဆစ္လက္သစ္ဝါဒ (ၵနသ-ၤေ်င်အ်)ေတြ။ ပြည်သူမပါဘူး၊ သူတို့ချည်းပဲ။ ပြည်သူမပါဘူးဆိုတဲ့နေရာမှာ ပြည်သူလူထုကိုယ်စား ပြု တဲ့ ပြည်သူပြည်သား၊ ပြည်သူလူထုကရွေးကောက် တင်မြှောက်တဲ့ ပြည်သူပြည်သားကို ဆိုလိုခြင်း ဖြစ်တယ်။ အဲဒီလို ခွဲခြမ်းစိတ်ဖြာ သင်ပြနိုင်တာက နိုင်ငံရေးပါတီများဖြစ်တယ်။ ဒါကြောင့် ပါတီများများ လိုပါတယ်။ ဒါကြောင့်မို့လည်း အာဏာရှင်များက နိုင်ငံရေးပါတီကို မုန်းတယ်။ အတတ်နိုင်ဆုံး ဖျက် သိမ်းဖို့ကြိုးစားတယ်။ မဖျက်နိုင်ရင် ဖြစ်တဲ့နည်းနဲ့ နှိမ်နင်းတယ်။ နှိပ်ကွပ်တယ်။ ဒါ့ကြောင့် ရွေးကောက် ပွဲမှာယှဉ်ပြိုင်ဖို့ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ် ဘာမှမထူးဘူး။ “အာဏာ အရှိဆုံးက ပြည်သူလူထုပဲ” ပြည်သူကို သူတို့တင်ပြရမယ်။ ပြည်သူက ဆုံးဖြတ်မယ်။ ဟုတ်ပါပြီ။ ပါတီ (၉၃)ပါတီ စလုံး ယှဉ်ပြိုင်ခွင့်ရှိတာကတော့ ဟုတ်ပြီ။ ဒီ(၉၃)စလုံးက အကြိတ်အနယ်ယှဉ်ပြိုင်ခြင်းက ဘာကိုထင် ရှားစွာ သက်သေပြသလဲဆိုတော့ လူတမျိုးနဲ့တမျိုး၊ လူတချို့နှင့် တချို့၊ လူတယောက်နှင့် တယောက်၊ အယုံအကြည် မရှိတော့တာပဲ သက်သေပြလျက်ရှိတယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကိစ္စ၊ မည်သူ့ကို မျှ မယုံတော့ဘူး။ ကိုယ်ပဲ ကိုယ်တိုင်ထ,လုပ်မှ ဖြစ်မယ်ဆိုတဲ့ အနေအထား ပြသတာဖြစ်တယ်။ အင်မ တန် ဝမ်းနည်းစရာအတွေ့အကြုံပါပဲ။
ရွေးကောက်ပွဲက ပို၍ပို၍ နီးကပ်လာပါပြီ။ တပတ်ခန့် အလိုမှာ နိုင်ငံတော်အကြီးအကဲက ပေါ်လစီမိန့်ခွန်း မြွက်ကြားတယ်။ ရွေးကောက်ပွဲဝင်တော့မယ်။ နိုင်တဲ့လူတွေက နိုင်ငံတော်အခြေခံ ဥပဒေရေးဆွဲရမယ်။ ရှိပြီးသားနှစ်ခုထဲက ကြိုက်တာကိုရွေးပြီးအတည်ပြုနိုင်တယ်။ ဒါမှမဟုတ် ကိုယ့်စိတ် ကြိုက် အသစ်စက်စက်ရေးနိုင်တယ်။ ဒို့ကတော့ တရားခံမဖြစ်ချင်ဘူး။ စစ်တန်းလျားပြန်မယ်လို့ ပြော ခဲ့တယ်။ ရလဒ်ကတော့ (၉၃)ပါတီထဲမှ (၂၇)ပါတီသာ ပြည်သူလက်ခံရွေးချယ်ပြီး၊ ကျန်ပါတီတွေက တော့ ကိုယ်စားလှယ်တယောက်မှ အရွေးချယ်မခံရပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (္ဒီူ) က ပြည် သူ့ထောက်ခံမှုအများဆုံးရတယ်။ (၈ဝ%)ကျော်ရခဲ့တယ်။ အဲဒါလည်း ထူးခြားတဲ့ ရွေးကောက်ပွဲ အ တွေ့အကြုံတခုပါပဲ။ အမှန်မှာကတော့ သိပ်အထူးခြားကြီးတော့ မဟုတ်ပါဘူး။ ပါတီ ဘယ်လောက် များများယှဉ်ပြိုင်နိုင်ပေမယ့် ရွေးမယ့်ပြည်သူများကသာ သူတို့ရွေးဖို့သိထားပြီးသား။ ဘယ်ပါတီက ဘာ လုပ်တယ်။ ဘယ်ပါတီက ဘာဖြစ်နေတယ်ဆိုတာသူတို့ကောင်းကောင်းသိပြီးသားပါ။ ကြည့်ပါလား။
၁) (၉၃)ပါတီစလုံးယှဉ်ပြိုင်ရပေမယ့် တရားစွဲဆိုခြင်းခံရတ္ဒာီူကလွဲလို့ အခြားပါတီဘယ်မှာ ရှိသေးလဲလို့၊ ဒီကိစ္စဘယ်လောက်ထိဖြစ်သွားလဲဆိုတော့၊္ဒီူလုံးဝမလှုပ်ရှားနိုင်အောင် တားဝရမ်း (၍္ဒ္ကဲ္ဒဃဤ၍ဥ္ဒ) မိန့်လျှောက်ထားခြင်းခံရတဲ့အထိပါပဲ။ သို့သော် လျှောက်ထား ချက် မအောင်မြင်ဘူး။ ဒီအဖြစ်အပျက်တွေ ပြည်သူတရပ်လုံးကောင်းကောင်းနားလည်တော့ အသည်းခိုက်၊ အသည်းနာဖြစ်ကုန်ကြတယ်။
၂) မဟာဗန္ဓီုလ ဓနုဖြူတိုက်ပွဲမှာ ကျဆုံးတယ်မဟုတ်လား။္ဒီူထဲ ဒုတိယ မဟာဗန္ဓီုလ တယောက် ပေါ်ထွက်လာတယ်။ သူကတော့ ရိုးဖြောင်တဲ့၊ ရဲစွမ်းသတ္တိ အပြည့်အဝနဲ့ နှလုံးရည်တိုက်ပွဲပဲ ဆင်နìဲတယ်။ တဖက်ကတော့၊ ခေတ်မှီလက်နက်အပြည့်အစုံနဲ့ လက်ရုံး ရည်တိုက်ပွဲဆင်ပြီး၊ လမ်းပေါ်မှာ နေရာယူထားကြတာပေါ့။ ပွဲကြည့်ပရိတ်သတ်ကြီးကလည်း ရင်တမမနဲ့ အသဲတုံ အူတုံဖြစ်ကုန်ကြတာပေါ့။ ရိုးဖြောင့် ရဲစွမ်းသတ္တိရှိသူ နှလုံးရည်သမားက နည်းနည်းမှ နောက်ဆုတ်ပုံမပေါ်ပဲတက်လာတာ တွေ့ရှိတော့ လက်ရုံးရည်သမားက အရှုံး ပေးရတော့တာပဲ။ သူကပြောသွားတာက ‘လက်နက်ကိုင်တိုက်ခိုက်ခြင်းသည် လက်နက် ကိုင်ရာ၌ ပိုမိုကျွမ်းကျင်သူက အာဏာကိုရတယ်ဆိုတာနဲ့ အစဉ်အလာကို သက်ဆိုးရှည်စေ မှာဖြစ်သည်။’ (င်္ငါ့အငညါ တငူ စနမစနအကအေန အ့န အမေိငအငသည အ့အေ့ န တ့သ င် ဘန်အ အေ တငနိုငညါ မျော တငနျို စသတနမ)။ ဒီအောင်ပွဲကို မြန်မာပြည်သူများသာမက ကမ္ဘာကပါ ချီးကျူး ထောပနာ သြဘာပေးကြတယ်။
၃) နောက် အထူးခြားဆုံးတခုကတော့ (၁၉၈၉)ခုနှစ် ဇူလိုင်လ(၂ဝ)ရက်နေ့မှ္ဒာီူ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်းခံကြရသည်။ ဥက္ကဋ္ဌ ကြီးဦးတင်ဦးကိုတော့ ထောင်ထဲပို့တယ်။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကိုတော့ အကျယ်ချုပ်(ံသကျန ဗမမနျအ) နဲ့ထားတယ်။ ဒီအဖြစ်အပျက်တွေ ပြည်သူက ကောင်း စွာသိကြတဲ့အတွက် အသည်းနာနေကြတယ်။ ဒါ့ကြောင့် ပြည်သူ(၈ဝ%)ကျော်ရဲ့  ထောက်ခံ မှုရတာလို့ ကျနော်မြင်တယ်။ ဒါကတော့ ကျနော့်အတွေ့အကြုံပဲ။ အခုလည်း ဘာထူးလို့လဲ။ တရားဝင်ရပ်တည်တာ (၁ဝ)ပါတီရှိတဲ့အနက်္ဒီူ နဲ့္ဒှီူ ကလွဲရင် ကျန် (၈)ပါတီ ဘာ လုပ်မလဲ။ ဘာဖြစ်နေကြလဲ။ ပြည်သူ ကောင်းကောင်းသိတာပဲ။ သြော်- ရွေးကောက်ပွဲ ကာလက ယခုထိမကုန်နိုင်သေးဘူးဆိုလို့ ဆက်ပြောမိတာ ကျနော်အပြောလွန်ရင် တောင်း ပန်ပါတယ်။

ကျနော်က္ဒီူ မဟုတ်မပေမယ့် အနိုင်ရပါတီ (၂၇)ပါတီထဲ တခုအပါအဝင်ဖြစ်တဲ့ ပါတီ တခုရဲ့ပါတီဝင်ဖြစ်ပါတယ်။ ထူးဆန်းတာက ကျနော်တို့ပါတီက (၅ဝ%)ထောက်ခံမှုနဲ့ အနိုင်ရပါတီ ဖြစ်ပေမယ့် (၂ဝ)ပါတီဖျက်သိမ်းတဲ့အထဲ ပါဝင်တယ်။ ပို၍ပို၍ထူးခြားတာက ကိုယ်စားလှယ် တဦးမှ အနိုင်မရတဲ့ ပါတီ(၃)ပါတီကို ဆက်လက်ရပ်တည်ခွင့်ပြုတယ်။ နောက်တဖန် သုံးနှစ်ခန့်အကြာမှ ငွေ စာရင်းအရဆိုပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှထုတ်ပယ်ကြောင်းအကြောင်းကြားစာ ပေးပို့ခြင်း ခံရပြန်ပါတယ်။ တရားဥပဒေအရဆိုရင် ငွေစာရင်းအရ အရေးဆိုရန်ရှိရင် ရွေးကောက်ပွဲနေ့မှ ရက်ပေါင်း (၇၅)ရက်အတွင်းအရေးဆိုရန်ဟု အတိအလင်းပြဋ္ဌာန်းထားပါတယ်။ အခုတော့ သုံးနှစ် တောင်ကျော်သွားပြီ။ ကာလစည်းကမ်းသတ်မှတ်ချက်ကျော်ပြီ။ တရားဥပဒေအရ၊ ဘာမျှ အရေးယူ ဆောင်ရွက်လို့မရတော့ပါ။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကော်မရှင်ကလည်းကြေညာပြီး အရှုတ် အထွေး မရှိလို့ဆိုကာ မြန်မာ့ဂေဇက်ထဲမှာတောင် ကြေညာပြီးဖြစ်တယ်။ ဥပဒေကို လိုရင်တမျိုး မလို ရင်တမျိုး လုပ်လိုက်ခြင်းဟာ အလွန်ထူးခြားတဲ့ အတွေ့အကြုံတွေပေါ့ဗျာ။
နောက် ထူးခြားတာတခုရှိသေးတယ်။ ကမ္ဘာမှာသက်တမ်းအရှည်ဆုံး ရွေးကောက်ပွဲကော်မ ရှင် ဖြစ်ချင်ဖြစ်မှာပေါ့။ ရွေးကောက်ပွဲမကျင်းပမှီ (၁၉)လခန့်စောပြီး နောက်ဆုံး နိုင်ငံတော်သမတကြီး က ဖွဲ့စည်းခဲ့တာ။ ယခုမေလ (၂၇)ရက်နေ့ဆိုရင် (၁၂)နှစ် ထဲတောင်ဝင်နေပြီ။ ဒီကော်မရှင်အတွက် နှစ်စဉ်နှစ်တိုင်း ဘတ်ဂျက်ဆွဲတာတွေရှိတယ်။ ဒီကော်မရှင်အဖွဲ့ထဲမှာ နှစ်ဦးလား ဆုံးသွားပြီလို့ သိရ တယ်။ အစားထိုးခြင်းလည်း မသိရသေးဘူး။ ကော်ရမ် (္ခကသမကာ)များ ပြည့်နေလားလည်း မသိဘူး။ တော်တော့်ကို ထူးခြားတဲ့ ကော်မရှင်ပဲပေါ့နော်။ ထိုနည်းလည်းကောင်း ကျနော်တို့ လွှတ်တော်ကိုယ် စားလှယ်တွေလည်း ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကုန်ကြတာ ပေါ့။ အတော်ထူးခြားတဲ့ အတွေ့အကြုံပါပဲ။
နောက်ဆုံး အံ့မခန်းထူးခြားချက်တခုကြုံတွေ့သေးတယ်။ အခြားမဟုတ်ပါဘူး။ ရွေးကောက် ပွဲရလဒ်ပေါ့ခင်ဗျား။ အဲဒီ(၁၉၉ဝ)ပြည့်နှစ် မေလ(၂၇)ရက်နေ့ကျင်းပတဲ့ရွေးကောက်ပွဲသည် ရွေးကောက် ပွဲ လုပ်ပေးတဲ့ နဝတကိုယ်တိုင်ကိုက မြန်မာ့နိုင်ငံရေးသမိုင်းတွင် အလွတ်လပ်ဆုံး၊ တရားအမျှတဆုံးဟု ကြုံးဝါးခဲ့တယ်။ ကမ္ဘာကလည်း လက်ခံအတည်ပြုခဲ့တယ်။ ၄င်းနောက် နဝတမှ (၁/၉ဝ) ကြေညာချက် တခု ထုတ်ပြန်ခဲ့ပါသည်။ ဒီကြေညာချက်ထဲမှာလည်း လွှတ်တော်ကိုယ်စားလှယ်များကသာ အခြေခံ ဥပဒေရေးဆွဲရမယ်လို့ပါရှိတယ်။ ၄င်းနောက် အင်မတန်မှ သြဇာတိက္ကမကြီးမားတဲ့ အတွင်းရေးမှူးက ‘မကြာသော နေ့တနေ့မှာဆုံတွေ့ကြရန်ရှိကြောင်း’စာတစ်စောင်စီ အရွေးခံ လွှတ်တော်ကိုယ်စား လှယ်များအားလုံးထံ ရေးပို့ခဲ့တယ်။ သို့သော် ရွေးကောက်ပွဲရလဒ်၊ (၁/၉ဝ)ကြေညာချက်နဲ့ပေးပို့ခဲ့တဲ့ စာစောင်တွေဟာ ယနေ့အထိ ဖျက်သိမ်းကြောင်းကြေငြာခြင်းလည်းလည်း မရှိ။ ယခု ဆယ်နှစ်ဆယ်မိုး တင်းတင်း ပြည့်နေပြီဖြစ်သော်လည်း ဘာမျှဆောင်ရွက်ခြင်းလည်းမရှိဖြစ်နေတယ်။ အဲဒါဟာ အံ့မခန်း ထူးခြားတဲ့ အတွေ့အကြုံပါဘဲ။
ဒါ့ကြောင့် ကျနော်များ လွှတ်တော်ကိုယ်စားလှယ် (၄)ယောက်က နိုင်ငံတော်အကြီးအကဲ ထံသို့ပန်ကြားလွှာတစောင် တင်ဆက်ခဲ့တယ်။ အကြောင်းကတော့အခြားမဟုတ်ပါဘူး။ ‘(၁၉၉ဝ)ပြည့် နှစ်ရွေးကောက်ပွဲရလဒ် ယနေ့အထိ အကောင်အထည်မဖေါ်နိုင်ခြင်းသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အမဲစက်ထင်စေခဲ့သည်။ ထို့ကြောင့် ပြဿနာပေါင်းစုံဖြေရှင်းရန် လွှတ်တော်ကိုခေါ်ယူကျင်းပပေးရန်’ ဟူ၍ဖြစ်သည်။ ဒီလိုရေးလိုက်တာနဲ့ ကျနော်တို့ကို ‘ရဲမွန်’လွှတ်တော် တက်ခိုင်းကြတယ်။ လွှတ်တော် ဥက္ကဋ္ဌပါ ပါလာတယ်။ ဒါပေမယ့် အစည်းအဝေး ယနေ့အထိ မစနိုင်သေးပါ။ ဒါလည်း ထူးခြားတဲ့အတွေ့ အကြုံဘဲ။
အားလုံး ခြုံငုံပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ ရွေးကောက်ပွဲအတွေ့အကြုံကတော့ ‘အလိမ် ခံရခြင်း’ပါဘဲ။ ရွေးကောက်ပွဲမလုပ်မီ တပတ်အလိုမှာ နိုင်ငံတော်အကြီးအကဲက ‘အရွေးခံရတဲ့ လွှတ် တော်ကိုယ်စားလှယ်များက အခြေခံဥပဒေရေးဆွဲရမယ်။ ရှိပြီးသားနှစ်ခုထဲမှ ကြိုက်တာရွေးပြီး အတည် ပြုနိုင်တယ်။ အသစ်စက်စက်ရေးနိုင်တယ်။ ဒို့ကတော့ စစ်တန်းလျားပြန်မယ်။ တရားခံ မဖြစ်ချင်ဘူး’ ပြောတယ်။ ရွေးကောက်ပွဲပြီးပြီးနောက် (၁/၉ဝ)ကြေငြာချက် ထုတ်ပြန်ခဲ့တယ်။ လွှတ်တော်ကိုယ်စား လှယ်များက အခြေခံဥပဒေရေးဆွဲရမယ်။ ပြီးနောက် အတွင်းရေးမှူး (၁)ရဲ့ တွေ့ဆုံရေးစာ- စသည်ဖြင့် တခုပြီးတခုလာပါတယ်။ ယခုဆယ်နှစ်ဆယ်မိုးတင်းတင်းပြည့်နေပါပြီ။ ကတိပေးထားတဲ့အတိုင်း ယနေ့ အထိ မလာသေးပါ။ ကျနော်ကတော့ ‘အလိမ်ခံရပြီ’ဟု ကျနော့် အတွေ့အကြုံမှတ်တမ်းကို နိဂုံးချုပ်ပါ တယ်။ ။

“တပ်မတော်က မလိမ်ပါ၊ ပေးထားတဲ့ဂတိ မဖျက်ပါ၊ အာဏာ မမက်ပါ”လို့ ပြောတယ်-။

ပူလျှန်

No comments:

Post a Comment