ညွန့်ပေါင်းသတင်းလွှာ။ ပုလဲသွယ် နိုင်ငံရေးစာမျက်နှာ။ တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ယမုန်နာ ဆေးခန်း။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ၁၉၉၀ ရွေးကောက်ပွဲ။

Monday, March 2, 2009

သမိုင်းမှာ မင်းတရားခံဖြစ်မယ် - တင်မိုး

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်မှ ကောက်နုတ်စာ။

သမိုင်းမှာ မင်းတရားခံဖြစ်မယ်-
မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်-
ငါမမှန်ရင် ငါတရားခံဖြစ်မယ်-
တရားဆိုတာ
ညှာလည်းမညှာ ညာလည်းမညာ
သာစေ နာစေလည်းမရှိ
ပကတိ သူ့သဘော သူဆောင်ခြင်းပါဘဲ-။

ဒီနေ့တော့ မင်းလုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အထ္ထ္ထုပ္ပတိ-
ဒီနေ့ မင်းလုပ်ရပ်ဟာ
နောင်နေ့  မင်းရဲ့အနာဂတ်
မပတ်သက်ချင်လို့မရ
မဆက်စပ်ချင်လို့မရ
မင်းဘဝကို မင်းကသာပြဋ္ဌာန်းတယ်-။

မင်းဘာလဲ-
မင်းဘယ်သူလဲ
မင်းဟာ မင်းပဲ-။ ။

တင်မိုး

No comments:

Post a Comment